White Yello - ဖြူဝါ
Orthodox နည်းပညာဖြင့် ပြုလုပ်ထားသော လက်ဖက်အရိုးမှုန်နှင့်အရွက်များကို ပေါင်းစပ်ထား၍ ထုတ်လုပ်ထားခြင်းဖြစ်သည်။
အဖန်ဓာတ်ပြင်းပြီး အရည်ကြည်ဖြစ်ပါသည်။
ရှမ်းပြည်တောင်တန်းမှ အကောင်းဆုံးလက်ဖက်ရွက်များဖြင့် ရွေးချယ်ထားပြီး ပြုလုပ်ထားသည့့် လက်ဖက်ရည်အချိုခြောက်အမျိုးစားဖြစ်သည်။
သုံးစွဲရန် - အိမ်ဖျော်
၁။ ခွက်အလွတ်ထဲသို့ လက်ဖက်ခြောက် ၂ဇွန်းထည့်ပါ။
၂။ ဆူပွက်နေသော ရေနွေးထည့်၍ ၁မိနစ်မှ ၅မိနစ်ခန့် အဖုံးအုပ်ထားပြီး နှပ်ထားပါ။
၃။ လက်ဖက်ခြောက်အဖက်ကို ခွက်အသစ်ထဲသို့ သွန်၍ သကြား နှင့် နို့ဆီ ထည့်ကာ ထိုဇွန်းဖြင့် သမအောင် မွှေပေးပါ။
၄။ လက်ဖက်ခြောက် အသားကျစေရန် ၂မိနစ်မှ ၅မိနစ်ခန့် အဖုံးအုပ်ထားပါ။
အနံ့အရသာနှင့်ပြည့်စုံသော လက်ဖက်ရည်ကို သုံးဆောင်နိုင်ပါပြီ။
ဆိုင်ဖျော်နည်း
ရေတစ်လီတာကို ပွက်ပွက်ဆူအောင်တည်၍ လက်ဖက်ရည်အချိုခြောက် ၅၀ဂရမ်ကို ဆားအနည်းငယ် ထည့်ပြီး၅မိနစ်မှ၁၀မိနစ်ခန့် မီးအနည်းငယ်ဖြင့် နှပ်ထားပါ။
သောက်သုံးမည့်ခွက်ထဲသို့ နို့ဆီ ၊ နို့စိမ်း ကို မိမိကြိုက်နှစ်သက်သလို လိုအပ်သလောက်ထည့်ပြီး အကျရည်ကို ဇကာခံ၍ လောင်းထည့်ပါ။
မြန်မာ့လက်ဖက်ရည်ဆိုင်ဖျော်နည်းကို အသင့်သောက်သုံးနိုင်ပါသည်။
Product အကြောင်း အသေးစိတ်ရှိလိုပါက ရောင်းသူ၏ Cb Messenger မှ တဆင့် လာရောက် မေးမြန်းနိုင်ပါသည်။